Baccarat ကစားနည်း
ဘာ့ခရက် ဆိုတာဖဲမပွတ်ရပဲနဲ့ကို အတော်လေးစိတ်လှုပ်ရှားစရာကောင်းတဲ့ ကစာနည်းတစ်ခုပါ။ သူက ကစားဖို့လေ့လာရတာလဲ လွယ်ကူသလို ကစားရတာလဲလွယ်ကူပါတယ်။ မြန်မာကစားသမားတွေ အပျော်ဆော့တဲ့ဝိုင်းတွေမှာဆို ဘေးကကြည့်သူတွေက “ဘေးထိုး” သဘောနဲ့ကြိုက်တဲ့အိမ်ကလောင်းလေ့ရှိကြတယ်မဟုတ်လား? ဘာ့ခရက် ကလဲဒီသဘောပါပဲ။ ကစားပွဲတစ်ခုမှာ Player ရယ် ဒိုင်ရယ်ရှိမယ်။ ကစားပွဲတိုင်းမှာ “ Player အနိုင် “ ၊ “ Banker အနိုင် “ ၊ “သရေ” ဆိုပြီးဖြစ်နိုင်ချေ ၃ခုရှိပါတယ်။ ဒီမှာသတိထားရမှာက Player ရော Banker ရောကို ကစားဝိုင်းကိုင်သူက ထိန်းချုပ်ရတာပါ။ ပါဝင်သူတွေက Player ဘက်ကလောင်းမလား? ဒိုင်ဘက်ကလောင်းမလား? သရေကျမယ်ဆိုပြီးလောင်းမလား ဆိုတဲ့သဘောနဲ့ ဘေးထိုးသဘောမျိုး ဖဲမကိုင်ပဲလောင်းကြေးထပ်ရတာပါ။ ကိုယ့်အနေနဲ့ Banker ရော Player ဘက်ရော ကြိုက်တဲ့တစ်အိမ်လောင်းလို့ရတယ်ဆိုတာသိပါ တခြားဖဲကစားနည်းတွေနဲ့ဆိုရင် ကိုယ်က Player ဖြစ်တဲ့အတွက် ကိုယ်နိုင်ဖို့ကိုပဲအာရုံစိုက်ရတယ်။ ဒီမှာတော့အဲ့လိုမဟုတ်ပါဘူး။ ကိုယ်က ၂အိမ်လုံးရဲ့အခြေအနေကိုကြည့်တက်ရပါတယ်။ ဘယ်အိမ်က ဘယ်နပွဲနိုင်ထားတယ်၊ နောက်ပွဲတော့ဘယ်အိမ်နိုင်လောက်မယ်ဆိုတာကို ခန့်မှန်းပြီး Baker ၊ Player ...