Posts

Showing posts with the label Roulette ဆိုသည်မှာ

Roulette ဆိုသည်မှာ

17th ရာစုထဲက Casino ချစ်သူတွေကို စိတ်လှုပ်ရှားမှုပေါင်းများစွာ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ခံစားမှုမျိုး ပေးနိုင်နေခဲ့တာတော့ Roulette ကစားနည်းပါ။ Roulette ရဲ့အဓိပ္ပာယ်ကတော့ ပြင်သစ်လို့ ဘီးအသေးလေး (Little Wheel) လို့ဆိုတယ်ဗျ။ ကမ္ဘာအနှံ့မှာ စိတ်ဝင်စားမှုတွေအကုန် သိမ်းပိုက်ထားနိုင်တာကတော့ သူ့ရဲ့ နားလည်ရလွယ်ကူပြီး ရိုးရှင်းတဲ့ ကစားနည်းစည်းမျဉ်းတွေကြောင့်ပါ။ Chip များတွေအများကြီးကိုင်ဆော့ချင်ပြီး အများကြီးပြန်သိမ်းချင်သူတွေအတွက် အဓိကဆွဲဆောင်မှုတစ်ခုဖြစ်တာကြောင့် ရှိသမျှ Chip တွေအကုန် နံပါတ်တစ်ခုထဲပေါ်ကို ပစ်မတင်လိုက်ခင် သူ့ရဲ့စည်းမျဉ်းတွေကိုအရင်ဆုံး လေ့လာကြည့်လိုက်ကြရအောင် Roulette ဘီး Roulette ဘီးပေါ်မှာ နံပါတ် 1 မှ 36 အထိရယ် 0 ရယ်ရှိပါတယ်။ လောင်းကြေး Chip ပြားတွေကို Table ပေါ်မှာတင်လို့ပြီးတာနဲ့ Roulette ဘီးကိုလှည့်ပြီး အဖြူရောင်ဘောလုံး အသေးလေးကို ထည့်လိုက်ပါတယ်။ ဒါကိုလဲကိုယ်ကလုပ်စရာမလိုပါဘူးနော်။ ကိုယ်ဆော့နေတဲ့ဝိုင်းကို ကိုင်ပေးတဲ့ Croupier ကလုပ်ပေးတာဖြစ်ပါတယ်။ လည်နေတဲ့ Roulette ဘီးပေါ်မှာရစ်ပတ်ပြီး နောက်ဆုံး ဝင်သွားတဲ့ ဘီးပေါ်ကအကန့်ရဲ့ နံပါတ်အပေါ်မှာမှုတည်ပြီး အလျော်အစားလုပ်ခြင်းဖြစ်...