Basketball Betting အတွက်သိထားသင့်သည်များ


Major အားကစားနည်း 4 ခုထဲမှာမှ Basketball က Betting တင်ဖို့အတွက် အလွယ်ဆုံးတစ်ခုပါ။ ဘောလုံးပွဲလိုပဲ Basketball ကလဲ ၂ဖက်အသင်းရဲ့ Point ဘယ်လောက်ရလဲဆိုတဲ့အပေါ်ရော Over/Under နံပါတ်တွေအပေါ်မှာကစားရခြင်းဖြစ်ပါတယ်။ ဘောလုံးပွဲမှာ ဘယ်လို Betting တင်ရမလဲသိရင် Basketball မှာဘယ်လို Betting တင်ရမလဲဆိုတာ သိပြီသားလို့တောင်ပြောလို့ရပါတယ်။ Basketball Betting အတွက်အသုံးအများဆုံး နည်းလမ်းကတော့ Point Spread ပါ။

Point Spread
မြန်မာလိုဆိုရင် ပွဲစဉ်မှာ အသင်း၂ဖက်လုံးမျှတဖို့အတွက် တစ်မောင်းအကြောပေးခြင်းလို့လဲခေါ်ပါတယ်။ Point Spread နဲ့ဆိုရင် နိုင်မယ်လို့ ခန့်မှန်းထားတဲ့ အသင်းကို Favorite လို့ခေါ်ပြီးတော့ ရှုံးမယ်လို့ခန့်မှန်းထားတဲ့အသင်းကိုတော့ Underdog လို့ခေါ်ပါတယ်။ Betting အဆင်ပြေစေဖို့အတွက်ရည်ရွယ်ပြီး နိုင်မယ့်အသင်းက ရှုံးမယ့်အသင်းကို Points အကြောပေးရတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။

Celtics နဲ့ Knicks တို့ယှဉ်ပြိုင်ကြမယ်ဆိုရင် Bettor အများစုက အနိုင်ရဖို့အတွက် Celtics ကိုလောင်းကြပါတယ်။ ဒါပေမယ့် Point Spread က Celtics ကို 10 point favorite လုပ်သွားမှာ။ ဆိုလိုတာက Celetics ကအနည်းဆုံး Point 11 နဲ့အထက်ရတော့မှ Bettor တွေကသူတို့ Betting အနိုင်ရမှာပါ။ Knicks ဘက်ကလောင်းမယ်ဆိုရင် သူတို့က ကစားပွဲကိုအနိုင်ရရင်ရ၊ မရရင် 9 points နဲ့အောက် ရှုံးရင် Bettor တွေအနိုင်ရပါတယ်။ Celtics ဘက်က 10 points ကွက်တိနဲ့နိုင်သွားမယ်ဆိုရင် သရေပွဲအဖြစ်သတ်မှတ်ပြီး လောင်းကြေးအသွားအလာမရှိပါဘူး။

Totals
Basketball Betting မှာရေပန်းအစားဆုံး Betting နည်းလမ်းက Totals ဖြစ်ပြီးတော့ Over/Under လို့လဲခေါ်ပါတယ်။ တစ်ကယ်တမ်းပြောရရင် Total က ၂ဖက်အသင်းကစားထားတဲ့ Points တွေအကုန်ပေါင်းထားခြင်းပါ။ ပွဲမစခင် နံပါတ်တစ်ခု သတ်မှတ်ထားမယ်။ Bettor တွေက ဒီ နံပါတ်ထက် ကျော်မှာလား၊ နည်းမှာလား (Over လား Under လား) ဆိုတာကို ခန့်မှန်းပြီး လောင်းကြေးတင်ရတာပါ။ ခုနကအပေါ်မှာပြောသွားတဲ့ Knicks နဲ့ Celtics တို့ရဲ့ပွဲမှာ Over/Under နံပါတ်က 188 ဆိုပါတော့။ ဒါဆိုရင် Over ဘက်ကလောင်းတဲ့ Bettor တွေက စုစုပေါင်းရမှတ် 189 နဲ့အထက်ဆိုရင် အနိုင်ရပါတယ်။ Under ဘက်ကလောင်းသူတွေအနေနဲ့တော့ 187 နဲ့အောက်ဆိုရင် အနိုင်ရပါတယ်။ ပြီးတော့ စုစုပေါင်းရမှတ်က 188 ကွက်တိဖြစ်နေမယ်ဆိုရင် သရေပွဲအဖြစ်သတ်မှတ်ပြီး လောင်းကြေးအသွားလာမရှိပါဘူး။ Points Spread လိုပဲ Bettor တွေက 11 to 10 odds နဲ့ကစားရတာဖြစ်တဲ့အတွက် 10$ နိုင်ဖို့အတွက်ကို 11$ လောင်းကြေးတင်ရမှာဖြစ်ပါတယ်။

Money Line Wagers
Point Spread နဲ့ Total တွေက Basketball Bettor တွေအသုံးများတယ်ဆိုပေမယ့် တခြားရွေးချယ်စရာနည်းလမ်းတွေလဲရှိနေပါသေးတယ်။ ဒီထဲကမှတစ်ခုက Money line wager ဖြစ်ပါတယ်။ ဒါကတော့ Point Spread မပါပဲနဲ့ ဘယ်ဘက် အသင်းကမှ အကြောပေးခြင်းမရှိပဲနဲ့ ဘယ်အသင်းကနိုင်မလဲဆိုတာကို လောင်းကြေးတင်တာဖြစ်ပါတယ်။  ဒါပေမယ့် တစ်ချို့ အသင်းတွေကအနိုင်ရဖို့ 50% odds တွေရှိတာမျိုး ရှိနေတတ်တာကြောင့် Mooney line wager ကို Odds တွေနဲ့တွဲထားရပါတယ်။ ဒါကြောင့် ကိုယ်နိုင်မယ်လို့ထင်တဲ့ အသင်းဘက်ကလောင်းရင် အနိုင်ရမယ့်ပမာဏထက်ကို ပိုလောင်းရပါတယ်။ ပွဲစဉ်တစ်ခုအတွက် Money line odds က ဒီလိုမျိုးဖြစ်နိုင်ပါတယ်။ 
       Boston Celtics – 300
       New York Knicks +240
Parlays and Teasers
Basketball betting အတွက်အခြား Betting နည်းလမ်းတွေက Parlays နဲ့ Teasers တွေအသွင်နဲ့လာပါတယ်။ တစ်ခါတစ်လေ Exotic bets လို့လဲခေါ်ပါသေးတယ်။ Parlays နဲ့ Teasers တွေမှာ Bettors တွေက ကစားပွဲ ၂ခုနဲ့အထက်ပွဲစဉ်တွေရဲ့အနိုင်ရမယ့်အသင်းကို မှန်ကန်စွာရွေးရပါတယ်။ Parlays မှာ Bettors တွေက Point Spread ကိုအကန် လောင်းကြေးတင်တာမျိုးဖြစ်ဖြစ် Money line သုံးတာမျိုးဖြစ်ဖြစ်လုပ်နိုင်တယ်။ Teasers တွေကကြတော့ Point Spread ကိုအသုံးပြုထားပြီးတော့ ကစားသူက ကိုယ်စိတ်ကြိုက် Point Spread ကိုဘယ်လောက်အကြောပေးမလဲ ချိန်ညှိခွင့်ရှိပါတယ်။ Parlays နဲ့ Teasers တွေရဲ့သတိထားရမယ့်အချက်တစ်ခုက ကိုယ်ရွေးလိုက်တဲ့ အသင်းတွေအကုန် နိုင်မှရမှာပါ။ မနိုင်ရင်တော့ ကိုယ့်လောင်းကြေးအကုန်ပေးရမှာ။ ဒါကြောင့် ပွဲစဉ် 6 ခုမှာ 5 ပွဲမှန်အောင်ရွေးနိုင်ပြီး တစ်ပွဲမှားသွားရင်တောင်မှ အရှုံးလို့ပဲသတ်မှတ်ပါတယ်။

Comments

Popular posts from this blog

အွန်လိုင်းငါးပစ်နည်း

Ibet369 Online Sports Betting