Gambling Tips

              

                နယ်ပယ်အသီးသီးမှာကျွမ်းကျင်သူအများစုယုံကြည်ထားတာကတော့ စိတ်ရောကိုယ်ပါနှစ်မြှုပ်ထားမှု၊ အာရုံစူးစိုက်မှုနဲ့ မိမိကိုယ်ကိုထိန်းချုပ်နိုင်မှုဆိုတဲ့ အချက်သုံးချက်သာပြည့်စုံရင် ဘယ်ကစားနည်းတစ်ခုခု၊ နယ်ပယ်တစ်ခုခု၊ အလုပ်တစ်ခုခုမှာမဆို အောင်မြင်နိုင်ပါတယ်။ Blackjack , Roulette , Baccarat စတဲ့ကစားနည်းတွေမှာ အောင်မြင်ချင်ရင်လည်း အောက်ပါ Gambling Tips တွေကိုသိထားဖို့လိုအပ်ပါတယ်။

စိတ်ရောကိုယ်ပါမြှုပ်နှံခြင်း
                စိတ်ရောကိုယ်ပါမြှုပ်နှံခြင်းမှာ သင်ကြားမှု၊ သင်ယူမှုနဲ့ လေ့ကျင့်မှုတွေ ပါဝင်ပါတယ်။ ကစားနည်းတစ်ခုကို ကျွမ်းကျင်ဖို့ဆိုတာ နာရီပေါင်းများစွာ လေ့ကျင့်ထားရပါတယ်။ Casino ကိုမသွားခင် သင်အကြိုက်ဆုံးဂိမ်းနဲ့ပတ်သတ်ပြီး စာအုပ်တွေဖတ်ထားပါ။ Blackjack နည်းဗျူဟာ ၊ Roulette နည်းဗျူဟာ ၊ Baccarat နည်းဗျူဟာ တွေအတွက် စာအုပ်တစ်အုပ်တစ်အုပ်ရဲ့တန်ဖိုးဟာ ဘယ်လောက်မှမရှိပါဘူး။ ဒီစာအုပ်တွေဖတ်ခြင်းဖြင့် ဂိမ်းနဲ့ပတ်သတ်တဲ့အခြေခံသဘောတရားတွေ၊ လောင်းကြေးထည့်ပုံတွေ၊ ပိုက်ဆံကိုချိန်ဆနည်းတွေ သိနိုင်ပါတယ်။ ဒါ့အပြင် ကစားနည်းတစ်ခုချင်းစီရဲ့ အနိုင်ရရှိနိုင်ပုံနဲ့ နည်းဗျူဟာတွေကို သိနိုင်ပါသေးတယ်။ သတိထားသင့်တဲ့အချက်က ဒီစာအုပ်တွေဖတ်ပြီး ကျွမ်းကျင်သူအဆင့်ရောက်သွားပြီလို့ အထင်မမှတ်လိုက်ပါနဲ့။ ဒီစာအုပ်တွေက သင့်ကို ပိုကောင်းတဲ့နည်းလမ်းတွေနဲ့ ပိုကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်အောင်ပဲ ကူညီပေးနိုင်မှာပါ။ ကျွမ်းကျင်သူအဆင့်ရောက်ဖို့က လေ့ကျင့်မှုလိုအပ်ပါတယ်။လေ့ကျင့်ခြင်းဟာ အမှားကင်းစေပါတယ်။ ဂိမ်းကိုလေ့ကျင့်ဖို့ အချိန်သတ်မှတ်ထားပြီး ပုံမှန်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ ပျင်းလာတာပဲဖြစ်ဖြစ်၊ ပင်ပန်းလာတာပဲဖြစ်ဖြစ် ဘယ်လိုအတားအဆီးနဲ့တွေ့တွေ့ မရပ်တန့်လိုက်ပါနဲ့။ ကစားနည်းတစ်ခုတည်းကို ဆက်တိုက် လေ့ကျင့်တဲ့အခါ ပျင်းလာတာပဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူအဆင့်ရောက်ဖို့ဆို သင်ယူခြင်း၊ လေ့ကျင့်ခြင်းက မဖြစ်မနေလိုအပ်ပါတယ်။

အာရုံစူးစိုက်မှု
                ကစားသမားဟာ ကစားနေစဉ်အတွင်း အကြားအာရုံကြောင့်၊ အမြင်အာရုံကြောင့် စိတ်ပျံ့လွင့်လွယ်ပါတယ်။ အရက်ဘီယာ၊ ကာစီနိုထဲက အသံတွေနဲ့ မီးရောင်တွေကလည်း စိတ်အာရုံကို ပျံ့လွင့်ဖို့လွယ်ကူစေပါတယ်။ ဒီလိုအာရုံလွင့်နေရင် ဂိမ်းအတွင်းအမှားတွေပြုလုပ်နိုင်ပါတယ်။ ဒီအချက်တွေကို သတိထားမှသာအာရုံမပျံ့လွင့်ပဲ တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်မှာပါ။

မိမိကိုယ်ကိုထိန်းချုပ်နိုင်မှု
                မိမိကိုယ်ကိုထိန်းချုပ်နိုင်မှုမှာ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တာ၊ မိမိအားနည်းချက်ကိုသိတာ၊ ဆုံးဖြတ်ချက်ပြတ်သားတာတွေ ပါဝင်ပါတယ်။ မိမိအမူအကျင့်နဲ့လည်း အများကြီးဆိုင်ပါတယ်။ မိမိဟာ ဒေါသဖြစ်လွယ်သူ၊ စိတ်ဓာတ်ကျလွယ်သူ တစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုလျှင် ပိုမိုထိန်းချုပ်နိုင်ရပါမယ်။ ဒီလိုထိန်းချုပ်ဖို့ဆိုတာကလည်း အမြဲတမ်းသတိရှိဖို့လိုပါတယ်။ ရှုံးနိမ့်မှုတွေမှာဒေါသမထွက်ဖို့၊ စိတ်ဓာတ်မကျဖို့ ဆိုရင် သင်လောင်းကစားလုပ်တဲ့အချိန်တိုင်း၊ လောင်းကြေးထည့်တဲ့အချိန်တိုင်းမှာ သင်အမြဲတမ်း အနိုင်မရှိနိုင်ဘူးဆိုတဲ့အချက်ကို ခေါင်းထဲထည့်ထားသင့်ပါတယ်။          

အထက်ပါအချက်တွေနဲ့ပြည့်စုံပြီဆိုရင်တော့ သင်ဟာကျွမ်းကျင်တဲ့ လောင်းကစားသမားတစ်ယောက် ဖြစ်ပါပြီ။ ကျွမ်းကျင်တဲ့လောင်းကစားသမားတစ်ယောက်ကို ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးတဲ့အချက် တစ်ချက်က ဂိမ်းနဲ့ပတ်သတ်တဲ့ဗဟုသုတပါ။ Crap ဂိမ်းကစားရာမှာ အကြိမ်၁၀၀ပစ် ၁၀၀လုံး မကျအောင် အံစာပစ်နိုင်တဲ့ကစားသမားတွေရှိပါတယ်။ ပိုကာပြိုင်ပွဲတွေမှာလည်း အမြဲတမ်းအနိုင်ရရှိနေတဲ့ ကစားသမားတွေ ရှိပါတယ်။ ဒီကစားသမားတွေဘာကြောင့် ဒီလိုအနိုင်ရရှိသလဲဆိုရင် ကျွမ်းကျင်မှုနဲ့ ဗဟုသုတကြောင့်ပါ။ ဗဟုသုတလို့ဆိုရာမှာ ဂိမ်းတစ်ခုဟာ နိုင်နိုင်ချေဘယ်လောက်ရှိလဲ သိမြင်နားလည်ခြင်းပါပဲ။ အချို့သော ကစားသမားတွေဟာ ဒီအချက်ကိုသဘောမပေါက်တဲ့အတွက် ကျွမ်းကျင်မှုရှိတာတောင် အနိုင်မရရှိပါဘူး။ Roulette လိုဂိမ်းမျိုးဟာ ဘယ်လိုနည်းဗျူဟာပဲသုံးသုံး ဒိုင်ရဲ့နိုင်နိုင်ခြေကို အများကြီးမလျော့ချနိုင်ပါဘူး။ Blackjack နဲ့Poker လိုဂိမ်းတွေမှာတော့ ဖဲကဒ်ရေတွက်နည်း၊ လောင်းကြေးအတိုးအလျော့၊ ဒိုင်ဖဲကိုသုံးသပ်နိုင်မှု စတာတွေကို သိထားရင် နိုင်နိုင်ချေကိုတိုးမြှင့်နိုင်ပါတယ်။ ဒါတွေကိုဗဟုသုတအနေနဲ့ သိထားသင့်ပါတယ်။ အထက်မှာဖော်ပြပြီးခဲ့တဲ့ Gambling Tips တွေကိုလိုက်နာခြင်းအားဖြင့် သင့်ရဲ့ကစားပုံ ပိုမိုကောင်းမွန်လာပြီး အနိုင်ရရှိနှုန်းလည်း မြင့်မားလာပါလိမ့်မယ်။

Comments

Popular posts from this blog

အွန်လိုင်းငါးပစ်နည်း

Ibet369 Online Sports Betting