Sport Betting အကြံပေးချက်


Sport Betting ဆိုတာအရမ်းကိုရိုးရှင်းတဲ့ကစားနည်းတစ်ခုပါ။ ဒါပေမယ့်လဲ ဒါဟာချက်ချင်းစပြီးကစားသင့်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ အားကစားပွဲစဉ်တွေအပေါ်မှာ လောင်းကြေးမထပ်ခင်မှာ အခြေခံစည်းမျဉ်တွေကိုကြိုပြီးသိထားရင် ပိုပြီးအခြေအနေကောင်းကောင်းနဲ့ ကစားနိုင်မှာဖြစ်ပါတယ်။ အခြေခံစည်းမျဉ်းတွေကြီးပဲလေ့လာရုံနဲ့တော့ အမြတ်တွေအများကြီးထွက်ပြီး Professional တစ်ယောက်ဖြစ်မလာနိုင်စေပေမယ့်လဲ လမ်းမှန်ကိုရောက်ပြီး အစကောင်းစေမှာတော့ အသေအချာပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ Sport Betting ရဲ့အခြေခံတွေကိုလေ့လာလိုက်ကြရအောင်!

Fixed Odds Betting ဆိုတာဘာလဲ?
Fixed Odds Betting ဆိုတာကတော့ရိုးရာမပျက် Betting နည်းတစ်ခုဖြစ်ပြီးတော့ ရလဒ်ကဘယ်လိုထွက်မလဲဆိုတာကို ခန့်မှန်းပြီးလောင်းကြေးတင်ရတာပါ။ “Fixed Odds (တိကျတဲ့အလေးသာမှု) “ ဆိုတာကဖြစ်တန်စွမ်းတွေ လောင်းကြေးတင်တဲ့အချိန်မှာ သဘောတူညီထားတဲ့ စည်းမျဉ်းအတိုင်းပဲ အတည်ယူတာကြောင့် Payout နှုန်းကိုလဲ ဒီ စည်းမျဉ်းအတိုင်းပဲဆုံးဖြတ်ပါတယ်။ အနည်းငယ်စင်ရင်တောင်မှမရပဲနဲ့ လောင်းကြေးမတင်ခင်မှာ သဘောတူထားတဲ့ စည်းမျဉ်းကိုပဲအတည်ယူတာပါ။ ဆက်ပြီးတော့ရှေ့မဆက်ခင်မှာ “Bet” နဲ့ “Wager” ဘာကွဲလဲဆိုတာကိုလေ့လာကြရအောင်။ သိပြီးသားဖြစ်လောက်ပေမယ့်လဲ ပိုပြီးသေချာသွားအောင်လို့ ရှင်းပြချင်ပါတယ်။ ဒီ အသုံးအနှုန်း ၂ခုလုံးက အဓိပ္ပာယ်တော့ အတူတူပါပဲ။ ဒီအကြံပေးချက်ကိုဖတ်နေတဲ့ တောက်လျှောက်မှာ ဒီစကားလုံး ၂ခုကိုအပြောင်းအလဲလုပ်ပြီး ဖတ်ကြည်ရင်လဲ အဓိပ္ပာယ်အတူတူပါပဲ။ ဒါကိုသိပြီးသွားပြီဆိုရင် အရေးကြီးတဲ့အချက် ၅ ချက်ကိုလေ့လာလိုက်ရအောင်!

1.Parties to the wager
2.Selection
3.Stake
4.Odds
5.Payout
Parties to the wager Sport Wager တစ်ခုမှာ အမြဲတမ်း Party 2 ဖက်ရှိပါတယ်။ တစ်ဖက်စီက တစ်ဖက်အမြင်နဲ့ကွဲပြားနေတာပေါ့။ ဥပမာ Party 2 ဖက်က ဘောလုံးပွဲအတူကြည့်နေတဲ့ သူငယ်ချင်းတွေဖြစ်နိုင်ပါတယ်။ တစ်ဖက်က Liverpool က Arsenal ကိုအနိုင်ရမယ်လို့ထင်ပြီးတော့ နောက်တစ်ဖက်က Arsenal ဘက်က Liverpool ကိုအနိုင်ရမယ် လို့ထင်နေတဲ့ အခါမျိုးပေါ့။ သူငယ်ချင်းတွေကြားမှာ လောင်းကြေးထပ်တာက အရမ်းကိုတွေ့ရများပေမယ့်လဲ ဒီနေ့တော့ Bookmaker(ဒိုင်) နဲ့လောင်းတဲ့အကြောင်းကို အဓိကပြောကြရအောင်။ ဆိုတော့ Party 2 ဖက်က Bettor(လောင်းသူ) နဲ့ Bookmaker (ဒိုင်) ဆိုပြီးဖြစ်သွားတာပေါ့။ Bettor(လောင်းသူ) ကလောင်းကြေးတင်ပြီးတော့ Bookmaker(ဒိုင်) ကလောင်းကြေးတွေကို ပွဲစဉ်ရဲ့ရလဒ်အလိုက်စီမံပေးရပါတယ်။

Selection ဆိုတာကတော့ Bettor(လောင်းသူ) ကဘယ်ဘက်ကိုလောင်းမလဲဆိုတဲ့ ရွေးချယ်မှုပါပဲ။ အပေါ်မှာပြောခဲ့တဲ့ Liverpool နဲ့ Arsenal အကြောင်းကိုပြန်ကြည့်ရအောင်။ Bettor က Arsenal နိုင်မယ်လို့ထင်ရင် “Arsenal အနိုင်” ဆိုပြီးလောင်းမှာပါ။ ဒီမှာသတိထားရမှာက ဒီရွေးချယ်မှုတွေက Team တစ်ဖက်ထဲရဲ့အနိုင်ကိုပဲလောင်းလို့ရတာမဟုတ်ပါဘူး။ အားကစားပွဲစဉ်တွေမှာ လောင်းလို့ရတဲ့ရွေးချယ်မှုတွေအများကြီးရှိပါသေးတယ်။

Stake ဆိုတာကလောင်းကြေးအပေါ်မှာစွန့်စားထားတဲ့ ငွေပမာဏကိုဆိုလိုပါတယ်။ Wager သတ်မှတ်ပြီးတဲ့အချိန်တစ်ခုမှာ သင့်တော်တဲ့ငွေပမာဏတစ်ခုကို Bookmaker စီမှာတင်ရပါတယ်။ Bookmaker က အရှုံးပေါ်တဲ့ Wager တွေစီက လောင်းကြေးတွေကိုယူပြီး အနိုင်ရတဲ့ Wager တွေဘက်ကိုပြန်ပြီးလျော်ပေးရပါတယ်။ Bookmaker တွေကတော့ အလျော်အစားလုပ်ဖို့အတွက် လုံလောက်တဲ့ Bettor တွေနဲ့ လုံလောက်တဲ့ Wager တွေလိုအပ်တာပေါ့။တစ်ချို့ Bookmaker တွေကလောင်းကြေးကိုနည်းနိုင်သလောက် 1000Ks လောက်ထားတက်ပေမယ့် အများအားဖြင့် Bookmaker တွေက Bettor တွေလောင်းနိုင်သလောက် ပမာဏကိုလိုက်ပြီး ခပ်မြင့်မြင့်သတ်မှတ်ကြပါတယ်။

Odds Bookmaker တွေက ရွေးချယ်နိုင်တဲ့ Selection တွေအတွက်ကို Odds တွေဖန်တီးပေးထားပါတယ်။ ဒီ Odds တွေက ရွေးချယ်မှုမှန်ကန်ခဲ့ရင် Bookmaker ဘက်ကနေပြီးတော့ Bettor ဘက်ကိုဘယ်လိုပြန်လျော်ရမလဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ များသောအားဖြင့်တော့ မှန်ကန်တဲ့ရွေးချယ်မှုရဖို့အခွင့်အရေးအတွက်ကို ဒီ Odds တွေကတော်တော်လေး နီးစပ်ကြပါတယ်။ တစ်ကယ်လို့ အခွင့်အရေးနည်းရင်တော့ Odds တွေကများနေတတ်ပြီး အခွင့်အရေးများရင်တော့ Odds တွေနည်းပါတယ်။ Odds တွေကိုများသောအားဖြင့် Decimal, Money line, Fractional ဆိုပြီးဖော်ပြလေ့ရှိကြပါတယ်။

Payout နောက်ဆုံးမှာတော့ အားလုံးစိတ်ဝင်စားတဲ့ Payout လာပါပြီ။ Payout ဆိုတာက ရွေးချယ်မှုမှန်တဲ့အတွက် Bookmaker ကနေ Bettor ကိုလျော်ရတဲ့ လျော်ကြေးဖြစ်ပါတယ်။ ဒါက Bettor ရဲ့မှုလလောင်းကြေးတွေအပြင်ကိုမှာမှ ထပ်ပေါင်းပြီးပြန်ပေးတာပါ။ဒီအချက်တွေက Sport Betting လောကကိုဝင်ဖို့အတွက် အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ဒီအသုံးအနှုန်းတွေကလဲ အမြဲကိုထိတွေ့နေရမှာပါ။ Sport Betting လောကကိုဝင်မယ့်သူတစ်ယောက်အတွက် နည်းလမ်းမှန်မှန်နဲ့ ကံကောင်းစွာအနိုင်တွေယူဆောင်ဖို့အတွက် အထောက်အကူဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!

Comments

Popular posts from this blog

အွန်လိုင်းငါးပစ်နည်း

Ibet369 Online Sports Betting